Consulting Service
Consulting Transforming Challenges into Triumphs
2023 နောက်ပိုင်းကစလို့ Business Consulting လုပ်ပေးခဲ့တာကနေ အခု RCG - Rangoon Consulting Group အဖြစ် ပိုကောင်းတဲ့ဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်။
Consulting Service ကိုဘာကြောင့်သုံးလာကြတာလဲ?
ကျွမ်းကျင်ပညာရှင်တွေရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေ ပေါင်းစပ်ထားတဲ့ လမ်းညွှန်မှုတွေကို ရရှိပါတယ်။
ဒါ့အပြင် အချိန်တော်တော်ကြာကြာ ယူပြီး ဖြေရှင်းရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ခဏလေးအတွင်းမှာပဲ Solution တွေရှာနိုင်ပြီး Organization တစ်ခုလုံးမှာလည်း Positive Impact တွေကိုသက်ရောက်စေပါတယ်။ ဒီလို Solution တွေ၊ Strategy တွေကို ချမှတ်တဲ့အခါမှာလည်း Consultant တွေရဲ့ အတွေ့အကြုံနဲ့ အမြော်အမြင်တွေကြောင့် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချလာနိုင်ပါမယ်။
Return On Investment တွေမှာ အမြင့်ဆုံးရောက်နိုင်ဖို့နဲ့ 360 Growth ဖြစ်ဖို့အတွက် Formula၊ System တွေကို စနစ်တကျအသုံးပြုတာကြောင့် Time Limit နဲ့ Result ထွက်ချင်ကြသူတွေအတွက် အသင့်တော်ဆုံးဖြစ်တာကြောင့် Business တွေအတော်အများက Consulting Service ကို အသုံးပြုလာကြတာဖြစ်ပါတယ်။
မြင်တွေ့နေကျ Consulting Service နဲ့ မတူကွဲပြားပြီး Results တွေကို အချိန်တိုအတွင်း ကိန်းဂဏန်းတွေနဲ့ ဖော်ပြနိုင်တဲ့
ဘယ်အပိုင်းမှာ Consultation ပေးတာလဲ?
- Overall Business Strategy Development
- Sales and Distribution Strategy Development
- B2B Sales Strategy Development
- Marketing Strategy Development
- Customer Experience Strategy Development
- Organizational Development Strategy Development စတဲ့ နယ်ပယ်အစုံကို Consulting လုပ်ပေးလျက်ရှိပါတယ်။
3 Days Strategy Workshops Program မှာ မိတ်ဆွေတို့ ကုမ္ပဏီရဲ့ အဖွဲ့အစည်းအတွက် ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်၊ ပန်းတိုင်များကို ချမှတ်ပြီး ပိုပြီး အနှစ်သာရရှိတဲ့ Business Features တွေ၊ အားနည်းချက်၊ အားသာချက်တွေကို လျင်မြန်စွာ သတ်မှတ်နိုင်ဖို့ Customized Framework တွေချမှတ်ပေးပါတယ်။
မြင်တွေ့နေကျ Organization တွေရဲ့ အကြီးမားဆုံး Challenge ဟာ “Multiple Destination Trap” ပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းရဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေ၊ အားစိုက်ထုတ်မှု ပုံစံအမျိုးမျိုးနဲ့ သူတို့ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်နှစ်မြှုပ်ထားလေ့ရှိကြပါတယ်။ ပိုဆိုးတဲ့အချက်ကတော့ ကိုယ့်လုပ်စရာရှိတာကိုသာ အာရုံစိုက်ပြီး လုပ်နေရင်း External Factors နဲ့ Situation အပြောင်းအလဲတွေပေါ်မှာ တစ်ဦးတစ်ယောက်ချင်းစီနဲ့ Goals နဲ့ Department တစ်ခုချင်းစီနဲ့ Target တွေကို Align လုပ်လေ့ မရှိကြတာပဲ ဖြစ်ပါတယ်။
ဒီလို Multiple-Destination Trap ကလွတ်မြောက်ဖို့ တစ်ဦးတစ်ယောက်ချင်းစီက စလို့ Organization တစ်ခုလုံး Vision, Mission, Direction, Values, Priorities, Goals နဲ့ Actions တွေအပေါ်မှာ မီခိုနေတဲ့ Strategies တွေကို Develop လုပ်ဖို့လိုအပ်လာပြီး ကိုယ်လိုချင်တဲ့ Results တွေကို ရရှိဖို့အတွက်လည်း Internal မှာ ဘယ်လို Implemented Plan တွေချမှတ်မယ်၊ ဘယ်လို Communication တွေနဲ့ Results တွေကို ဘယ်လိုအကောင်အထည်ဖော်သွားမှာလဲဆိုတာကို Customized Framework တွေနဲ့ ချမှတ်သွားမှာဖြစ်ပါတယ်။
ဒီ Package လေးမှာတော့ Pre-Survey၊ Interview၊ Strategic Planning Facilitation၊ A One Page Strategic Plan Recap၊ Strategic Plan Implementation Guidelines တွေ အားလုံးကို Details ကျကျ Executable Planning တွေလုပ်ပေးပါတယ်။
Duration - Pre-work 4 weeks၊ Strategic Planning Session In person (3Days)
ဒီ 3 Days Strategy Workshop မှာဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Pre Work Operation Hours ကတော့ Consultant တွေနဲ့ Client နှစ်ဦးနှစ်ဖက် ဆွေးနွေးဖလှယ် Analysis လုပ်ပြီး Finalize Strategy အတွက်ပြင်ဆင်ချိန် ၁လ တိတိ အချိန်ယူပြီးမှ Strategic Planning Session အတွက် 3 Days Workshop ကိုစတင်တာဖြစ်ပါတယ်။
Strategy Development and Execution Support မှာဆိုရင်တော့ လူကြီးမင်းတို့ရဲ့ Overall Business နဲ့ဆိုင်တဲ့ needs and wants တွေအလိုက် သက်ဆိုင်ရာ Industry က Expert Consultant တွေကနေပြီး Analysis လုပ်ပြီး Project စ လယ် ဆုံး တသားတည်းနဲ့ Plan တွေချမှတ်ပြီး Activities တွေအထိ Full Suite သွားတဲ့ Service တခုပဲဖြစ်ပါတယ်။
ဒီ Strategic Development and Execution Consulting Service မှာဆိုရင် Consultants တွေက တိုင်ပင်ဆွေးနွေးပြီး ချမှတ်ထားတဲ့ ကိုယ်ပိုင် RCG's Framework နဲ့ Align လုပ်ပြီး လူကြီးမင်းတို့ကို One Stop Service ပေးသွားတာပဲဖြစ်ပါတယ်။
ဒီလို Strategy Development နဲ့ Execution Support အတွက် Steps (5) ခုနဲ့ လူကြီးမင်းတို့ကိုအပြည့်အဝ ဝန်ဆောင်မှု ပေးပါတယ်။
Discovery stage
Business တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ Internal, External Data တွေကို စုစည်းခြင်း၊ ရှာဖွေခြင်း၊ သုံးသပ်ခြင်း စတဲ့ အချက်တွေကို အဓိကလုပ်ဆောင်တဲ့ အဆင့်ဖြစ်ပါတယ်။ Short Term/ Long Term Strategy နဲ့ချမှတ်ထားတဲ့ Goals တွေကရော ကိုက်ညီနေရဲ့လား၊ Time, Money, Effort စတဲ့ Resources တွေက တကယ်မျှတရဲ့လား၊ PESTEL ( Political, Economic, Social, Technology, Environment, Legal Factors)၊ Trend အပြောင်းအလဲတွေနဲ့ Demand အနည်းအများ ပြောင်းလဲမှုတွေ၊ Competitor Analysis၊ အပြင် Operational/ Situational Analysis တွေကို Discovery Stage မှာ Consultant Team ကလေ့လာသုံးသပ်ပြီး တစ်ခါတည်းမှာပါ Execution Plan တွေချမှတ်ပေးသွားမှာ ဖြစ်ပါတယ်။
Strategy Development Stage
Discovery Stage မှာ တွေ့ရှိထားတဲ့အရာတွေကို လေ့လာသုံးသပ်ပြီး Organization တစ်ခုလုံး Vision, Mission, Direction, Values, Priorities, Goals နဲ့ Actions တွေအပေါ်မှာ မီခိုနေတဲ့ Strategies တွေကို ချက်ကျလက်ကျနဲ့ လက်တွေ့မှာ Department တစ်ခုချင်းစီတိုင်း Execute လုပ်နိုင်တဲ့ Strategy တွေကို ချမှတ်ပေးတဲ့ အဆင့်ဖြစ်ပါတယ်။ Industry Experience ရှိတဲ့သူတွေနဲ့ပဲ Market ကို Estimate လုပ်ခြင်း၊ Goals တစ်ခုချင်းစီအတွက်လိုအပ်တဲ့ Key Results တွေရနိုင်ဖို့ Operation Alignment လုပ်ပေးခြင်း၊ Sales Plan အတိုင်း Operation မှာ ဘယ်လို Generate လုပ်မလဲ၊ Industry နဲ့ Size အပေါ်မူတည်ပြီး Review, Analysis လုပ်ပြီးရင်တော့ Sales Strategies တွေကိုထပ်ပြီး ချမှတ်ပေးခြင်း၊ Sales Strategies နဲ့ Sales Plan အတိူင်း Key Result ထွက်မယ့် Operation Plan ကိုပါ ချမှတ်ပေးခြင်း၊ Distribution Routine Plan ချမှတ်ခြင်း စတဲ့ Strategy တွေကို ချမှတ်တဲ့ Stage တစ်ခုဖြစ်ပါတယ်။
Planning Stage
အပေါ်မှာ ချမှတ်လာတဲ့ Execute Strategy တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် Department တစ်ခုချင်းစီနဲ့ Meet Up လုပ်ပြီး Planning လုပ်တဲ့ အဆင့် ဖြစ်ပါတယ်။ ဘယ်ဦးတည်ချက်အတွက် Planning လုပ်မှာလဲ။ Business တစ်ခု စတင် တည်ဆောက်ဖို့အတွက် စ"တည်" တဲ့ Planning Stage လား။ ဒီလို "တည်" တဲ့အဆင့်မှာ အရေးကြီးတဲ့ Distribution Business အသက်သွေးကြော PSI Planning တွေ၊ CVP Analysis Plan တွေအပြင် All channel Yearly Sales Plan တွေကအစ အကုန်လုံးကို Senior Management တွေနဲ့အတူ Execute လုပ်ပြီး Planning လုပ်ရပါတယ်။ ဒါတင်ပဲလား။ "ရှာ" တဲ့ Stage မှာ Regional Manager တွေနဲ့အတူ Area Scanning လုပ်မယ်၊ Distribution Coverage Setting Plan တွေလုပ်မယ်။ ဒီလို Market Field ထဲမှာ Area တွေအတွက် Planning တွေပိုင်နိုင်ပြီဆိုရင် နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ "သွား" တဲ့ Stage။ ရှာထားတဲ့ Area တွေကို ဘယ်လိုသွားမလဲ ဆိုတဲ့ Operation Planning တွေကိုလည်း လုပ်ရပါတယ်။ Area Penetration Plan၊ Sales Call Setting Plan၊ Routine Plan၊ Channel Expend Plan တွေကိုပါ Internal Management Team နဲ့ Planning တွေ လုပ်ရပါတယ်။
Setting Up Operation Stage
Organization တစ်ခုလုံးရဲ့ Senior, Middle Management များနဲ့အတူ Operation Tasks တွေကို အသေးစိတ် Set Up လုပ်တဲ့ Stage ဖြစ်ပါတယ်။
Execution and Operation Management Support
အပေါ်မှာ ချမှတ်ထားတဲ့ Strategy နဲ့ Planning တွေကို တကယ်လက်တွေ့မှာ Execute ရတဲ့အခါမှာ ကြုံတွေ့ရမယ့် Barriers တွေနဲ့ အခက်အခဲတွေ အားလုံးကို ကျော်လွှားပြီး Goals တွေကို Implement လုပ်ဖို့အတွက် Operation Management မှာ လူကြီးမင်းတို့နဲ့ အတူ ပေါင်းစီးပြီး Operation တခုလုံးကိုဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။
Duration 3 to 12 Months, 140 - 250 billable hour
အများစုသော Corporate တွေမှာ Strategy ခိုင်ခိုင်လုံလုံရှိတယ်။ Allocated Plan ကြီးကြီးမားမား ရှိတယ်။ ဒါပေမယ့် ဒီလို Strategy တွေ Planning တွေကို အထက်က ချမှတ်ထားပေမယ့် တကယ် Operation မှာ Execute လုပ်ဖို့ဆိုရင် မြေပြင်မှာ Align မဖြစ်တာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် Plan တွေဟာ Presentation Slide တွေ၊ Meeting စားပွဲတွေမှာသာ ရှိနေပြီး လက်တွေ့မှာ အကောင်အထည်မပေါ်နေတာကို လုပ်ငန်းရှင်တွေ အတော်အများကလည်း စိတ်ပျက်လက်ပျက် ကြည့်နေရတတ်ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို ဖြေရှင်းပေးချင်တဲ့ RCG- Ragoon Consulting Group ရဲ့ System Set Up Consulting Service မှာ Enablement Planning တွေ၊ Implementation Planning တွေ၊ Department တစ်ခုချင်းစီရဲ့ Frameworks တွေအပြင် Training Workshop တွေကိုပါ ဖြည့်စွက် ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။
ဘာတွေပါဝင်မှာလဲ?
Implementation Plan - အဲ့ဒီ ချမှတ်ထားတဲ့ Strategy တွေ၊ Allocated Plan တွေနဲ့ Align ဖြစ်တဲ့ Operation Plan တွေကို ရှေ့ဆက်သွားနိုင်အောင် Excutable ဖြစ်တဲ့ Implementation Plan တွေကို ချမှတ်သွားပါမယ်။
Frameworks - Targeted Goal ဆီကို Approach လုပ်မယ့် Departmentတစ်ခုချင်းစီတိုင်းရဲ့ Attitude၊ Concepts၊ Techniques နဲ့ Standard Operation Procedures တွေကို ချမှတ်ပေးမှာ ဖြစ်ပါတယ်။
Training Support - ဒီလို Operation အတွက် Procedures တွေချမှတ်လိုက်ပေမယ့် Qualified ဖြစ်တဲ့ Talents တွေနဲ့အတူ ယှဉ်တွဲပြီး Results တွေအကောင်အထည်ဖော်ဖို့အတွက်ပါ Internal Team ကို Training Support လုပ်ပေးဦးမှာ ဖြစ်ပါတယ်။
Trusted By Leading Brands in Myanmar
Are you Ready?
Unlock your team's full potential today—schedule your Free Consultation session now and drive your business forward with transformative growth!
Contact Us
Our customer service representative helps you to understand what we offer for your business goals.